ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ရပ်ကွက်၌ အသံမစဲမဟာပဋ္ဌာန်းမြတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပုဗ္ဗသီရိ မတ် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်၊ အုပ်ချုပ်​ရေးမှူးရုံး၌ အသံမစဲမဟာပဋ္ဌာန်းမြတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ် သာသနဓဇဓမ္မာစရိယ ဘန္တဒ္ဒခေမာစာရအမှူးပြုသော ပင့်သံဃာတော်(၄၃)ပါး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ ရပ်မိရပ်ဖများ၊ စေတနာရှင်အလှူရှင်များ၊ ရပ်ကွက်နေပြည်သူများတက်ရောက်ခဲ့ပြီး အခမ်းအနားကို နမောဒဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကာ တံခွန်တိုင်ဆရာတော် ဘဒ္ဒန္တဉူးသောဘဏမထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး "ပဋ္ဌာန်းအကျိုး" တရားတော်အား နာယူကြည်ညိုခဲ့သည်။

ဆက်လက်၍ ရပ်ကွက်အုပ်ချုပ်အုပ်ချုပ်ရေးမှူး ဦးရန်လင်းနှင့်အဖွဲ့များက ဆရာတော်သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုးနှင့် ပရိတ်ရေများ အသီးသီးကပ်လှူပူဇော်ခဲ့ကြသည်။

ထို့နောက် ဆရာတော်သံဃာတော်များကဦးဆောင်၍ ပရိသတ်အားလုံးက "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါအသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို မတ်လ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ငါးရက်တိုင် အလှည့်ကျသံဃာတော် ၂၃ ပါးဖြင့် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)