ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေး

ဟိုပုံး မတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်ထုတ်ပေးရာတွင် ဟိုပုံးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ လာရောက်ထုတ်ယူလျက်ရှိပြီး ကိုယ်တိုင်လာ‌ရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း သိရသည်။ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် ကြန့်ကြာမှုမရှိစေရေးနှင့် အဆင်ပြေချော့မွေ့စေရေးအတွက် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာမှကြီးကြပ်၍ ကူညီဆောင်ပေးလျက်ရှိသည်။ ဟိုပုံးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းဦးရေ(၄၆၂)ဦးရှိပြီး လစဉ်(၃၄၄)ခန့်ဦးအား ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှ လကုန်ရက်အထိ နံနက် ၈ နာရီခွဲအချိန်မှ နေ့လည် ၂ နာရီအထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)