သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မွေးမြူရေး သမဝါယမအသင်းသားများတွေ့ဆုံ

နောင်တရား မတ် ၂၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် မွေးမြူရေးသမဝါယမအသင်းသားများတွေ့ဆုံပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု နောင်မူကျေးရွာ ဘုန်တော်ကြီးကျောင်း၌ ယနေ့နံနက် ၁၁ နာရီတွင် တွေ့ဆုံသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးထွန်းဇော်ဦး ကမွေးမြူရေး သမဝါယမအသင်းများ ဖွဲ့စည်းထားမှုအခြေအနေများကို တင်ပြပြီး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမြင့်စိုးက အမှာစကားပြောကြားသည်။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်က သမဝါယမအသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခြင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်က နောင်မူကျေးရွာ၌ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားမှုအခြေအနေများကို တင်ပြခြင်း၊ ယွန်လျှံကုမ္မဏီမှ တာဝန်ခံတစ်ဦးက စိုက်ပျိုးရေး၊ မွေးမြူးလုပ်ငန်းများ အထောက်အကူပြုပုံ အကြောင်းကို ဆွေးနွေးပါသည်။ ထို့နောက် ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိဂုံးချုပ် အမှာစကားပြောကြားသည်။

ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စု နောင်မူကျေးရွာ၌ မွေးမြူရေးသမဝါယမ အသင်း ၄ သင်းဖွဲ့စည်းထားသည်။ အသင်းတစ်သင်းလျှင် ရှမ်းပြည်နယ် နိုင်ငံစီးပွားမြှင့်တင်ရေး ဘဏ္ဍာငွေမှ နွားအကောင် (၃၀)ကောင်ကို ထောက်ပံ့ပေးနိုင်ရန် တင်ပြတောင်းခံသွားမည်ဟု သိရသည်။

ခွန်အောင်(နောင်တရား)