ရပ်စောက်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရပ်စောက် မတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်သည့်အနေဖြင့် မီးငြိမ်းသတ်မှုနှင့် လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက  ရပ်စောက်မြို့မရဲစခန်းဝန်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊  အရံမီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးလောင်မှုအရေးပေါ်အခြေအနေတွင်ရှိသည့် ပစ္စည်းများဖြင့် အလွယ်တကူမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ ဓာတ်ငွေ့ရည်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ကားဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆုမွန်(ရပ်စောက်)