မြောက်ဥက္ကလာပမြို့နယ် စည်ပင်ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များလှူဒါန်း

မြောက်ဥက္ကလာပ အောက်တိုဘာ ၁

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်(င)ရပ်ကွက်၊ သန္တာလမ်းရှိ အမှိုက်ကန်နှင့် အ.ထ.က.(၅)ကျောင်း Quarantine center သို့ လာရောက်အမှိုက်သိမ်းယူသည့် သန့်ရှင်းရေးတာဝန်ကိုဆောင်ရွက်ကြသော တာဝန်ကျ မြို့တော်စည်ပင်ဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါ ကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန် ယနေ့ နံနက်ပိုင်းက အခြေခံ စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့သိုလှူဒါန်းရာတွင် မာရ်အောင်ကျောင်းတိုက်သံဃာတော်များဦးစီး၍ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အောင်နှင့် ရုံးအဖွဲ့များ၊ စေတနာရှင် မိသားစုများစုပေါင်းကာ အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ဆီ၊ဆား၊ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊အချို့မှုန့်၊ ကြာဇံထုပ် များအား မြို့နယ်စည်ပင်ဝန်ထမ်းများ လာရောက်တာဝန်ထမ်းဆောင်ရာအချိန်၌ လှူဒါန်း ခဲ့ကြောင်း သိရသည်။

အဆိုပါ အ.ထ.က(၅)ကျောင်း Quarantine Centreတွင် Quarantine ဝင်ရောက်နေသူ (၆၃)ဦးရှိပြီး နံနက်စာ၊ နေ့လယ်စာ၊ ညနေစာများ လှူဒါန်းလိုပါက (င)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အောင် ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၉၇၉၇၇၂၂၆၂၀၊ ၀၉၆၇၅၄၅၈၄၀၅ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)