ဟိုပန်၌ နွေရာသီ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

ဟိုပန် မတ် ၂၁

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြစေရန်နှင့် အခြေခံကွန်ပျူတာပညာရပ်များအား သိရှိတက်မြောက်ကြစေရန် ရည်ရွယ်၍ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီ အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါနီလာခိုင်က သင်တန်းသား/သူများအား သင်တန်းစည်းကမ်းနှင့် သင်တန်းချိန်များကို အလေးထားလိုက်နာ၍ စိတ်ဝင်တစား သင်ယူကြရန် စသည့်ဖြင့် အားပေးစကားပြောကြားခဲ့သည်။

သင်တန်းတွင် ဟိုပန်မြို့နယ်မှ သင်တန်းနည်းပြ ဆရာ ဦးအောင်ဝင်းဇော်၊ ဒေါ်ဥမ္မာထွန်းနှင့် ဦးစောရန်အောင်တို့က အခြေခံ စာစီစာရိုက်၊ Word ၊ Excel ၊ Power point စသည့် အခြေခံကွန်ပျူတာပညာရပ်များအား သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းကို ဟိုပန်မြို့ပေါ် ရပ်ကွက်များမှ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/သူ (၂၄)ဦး တက်ရောက်လျက်ရှိပြီး တစ်လကြာ ဖွင့်လှစ်သွားမည်ဖြစ်ကာ နေ့စဉ်နံနက်(၁၀)နာရီခွဲမှ (၁၂)နာရီအထိနှင့် မွန်းလွဲ(၂)နာရီမှ (၃)နာရီခွဲ အထိ အချိန်နှစ်ပိုင်းခွဲ၍ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)