တာချီလိတ် မတ် ၂၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဆွေးနွေး ပွဲကို ယနေ့ ၁၀ နာရီက အ.ထ.က (တာချီလိတ်)ကျောင်းခန်းခ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် တာချီလိတ်ခရိုင်ပညာရေးမှူး ဒေါ်သန္တာလွင်က ကျောင်းဆရာ/ ဆရာမများအနေဖြင့် မိမိသင်ကြားပို့ချမည့် ဘာသာရပ်အလိုက် သင်ကြားမှုအရည်အသွေးမြင့်မား၍ တတ်ကျွမ်းနားလည်စွာသင်ကြားပို့ချနိုင်ရန် သင်တန်းတွင် မိမိတတ်သိထားသော အသိပညာ၊ အတတ်ပညာများအား နှီးနှောဖလှယ်ဆွေးနွေးကာလာမည့် စာသင်နှစ်အတွက် လိုအပ်ချက်များအား သင်တန်းနည်းပြများဖြင့် မွမ်းမံပြင်ဆင်၍ သင်ကြားပို့ချပေးသွားရန် ရည်ရွယ်၍ ဤသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းကို မတ်လ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ ၄ ရက်ကြာ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး အလယ်တန်းဆင့်တွင် နည်းပြ ၁၆ ဦး၊ လယ်အုပ် ၁၀ ဦး၊ လယ်ပြ၊ ဒုလယ်ပြ၊ လ/ထလယ်ပြ ၂၉၈ ဦး၊ စုစုပေါင်း ၃၂၄ ဦး၊ အထက်တန်းဆင့်တွင် နည်းပြ ၉ ဦး၊ ထ(ခွဲ)၊ ထက်အုပ်ဦးရေ ၁၄ ဦး၊ ထက်ပြဦးရေ ၉၁ ဦး၊ စုစုပေါင်း ၁၁၄ ဦးဖြစ်ပြီး အလယ်တန်းဆင့်နှင့် အထက်တန်းဆင့်စုစုပေါင်း ၄၃၈ ဦးရှိကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)