ကွမ်းလုံ မတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ အထက်တန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာမွန်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ကွမ်းလုံ)၌ ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဦးလှအောင်၊ လားရှိုးခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထိုက်နှင့် သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/ သင်တန်းသူ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ကွမ်းလုံမြို့နယ်ပညာရေးမှူး ဦးလှအောင်နှင့် လားရှိုးခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထိုက်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘာသာရပ် ဆိုင်ရာမွန်းမံသင်တန်းအား သင်တန်းနည်းပြများမှ သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါ ဘာသာရပ်ဆိုင်ရာမွန်းမံသင်တန်းတွင် ခရိုင်အဆင့်၌ သင်တန်းသား(၇)ဦး၊ အလယ် တန်းအဆင့်၌ သင်တန်းသား(၄၉)ဦး စုစုပေါင်းသင်တန်းသား(၅၆)ဦးတို့ တက်ရောက်ကြပြီး လားရှိုး ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက အနီးကပ်ကြီးကြပ်၍ သင်တန်းပို့ချသွား မည်ဖြစ်ကာ သင်တန်းကာလမှ မတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ (၄)ရက်အကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း ကွမ်းလုံမြို့နယ်ပညာရေးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)