မိုးညှင်း မတ် ၂၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက်(၉)နာရီခွဲက ရတနာခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်က အခြေခံပညာ အထက်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး သင်တန်းကြီးကြပ်ရေးမှူး ဦးထွန်းမင်းလတ်က သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရားများ၊ ဆွေးနွေးရမည့် အကြောင်းအရာများနှင့် သင်တန်းသား သင်တန်းသူများ နေထိုင်ရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီးနောက် စာသင်ခန်းများတွင် သက်ဆိုင်ရာဘာသာရပ်အသီးသီးမှ သင်တန်းနည်းပြဆရာ ဆရာမများက သင်တန်းများ ဆက်လက်ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မိုးညှင်းခရိုင် အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ သင်တန်းသား သင်တန်းသူ (၄၀၀)ကျော် တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ်လ(၂၁)ရက်မှ (၂၄)ရက်ထိ လေးရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အခြေခံပညာအလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
ရွှေမိုးညှင်း