မက်မန်းမြို့၊ ကွန်းဟောင်းကျေးရွာ၌ လားဟူနှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့မှ ပထမအကြိမ်ဓမ္မသဘင်ပွဲနှင့် သင်းလုံးကျွတ်အစည်းအဝေး ကျင်းပ

မက်မန်း မတ် ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ ကွန်းဟောင်းကျေးရွာ၌ မော်ဖမက်မန်း၊ လားဟူနှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့မှ ကြီးမှူးကျင်းပသည့် ပထမအကြိမ် ဓမ္မသဘင်ပွဲနှင့် သင်းလုံးကျွတ်အစည်းအဝေးအား မတ်လ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

အစည်းအဝေးကြီးတွင် မက်မန်းမြို့နယ်လုံးကျွတ် လားဟူနှစ်ခြင်းခရစ်ယာန်ဘာသာဝင် လူငယ်နှင့် အမျိုးသမီးများအား မတ်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဓမ္မကျမ်းစာများ ဖွင့်လှစ်သင်ကြားနေပြီး အဆိုပါသင်တန်း၌ သင်တန်းသား/သင်တန်းသူ ၃၀၀ ကျော်တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ မတ်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဓမ္မသဘင်ပွဲကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါဓမ္မသဘင်ပွဲတွင် လားဟူနှစ်ခြင်းခရစ်ယာန်ဘာသာဝင်များမှ ဝတ်ပြုဆုတောင်းခြင်း၊ ဓမ္မကျမ်းစာများဝေငှခြင်း၊ အားကစားပြိုင်ပွဲများကျင်းပပေးခြင်း၊ ပျော်ပွဲရွှင်ပွဲများကျင်းပခြင်းနှင့်  ကျွေးမွေးဧည့်ခံရေးအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အေးဝင်းစိုး(ခရိုင်၊ ပြန်/ဆက်)