မုဒုံမြို့၌ မြစိမ်းရောင်စီမံကိန်း နေကြာ(ဆီထွက်သီးနှံ)လုပ်ငန်းများစစ်ဆေး

မုဒုံ မတ် ၂၁

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဘလောက်ညောင်ဝိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)မှ အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် နေကြာဆီထွက်သီးနှံများ ထုတ်လုပ်မှုအခြေအနေများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိဝတ်ရည်မွန်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာအဖွဲ့ ဝင်များနှင့်အတူ နေကြာဆီထွက်သီးနှံထုတ်လုပ်မှု အခြေအနေများ၊ လအလိုက်ဖြည့် သွင်းရမည့်ငွေစာရင်းပုံစံ ပြည့်စုံမှုရှိ၊ မရှိတို့ကိုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း နေကြာဆီထွက်သီးနှံကို ပထမအကြိမ်အဖြစ် နေကြာသီးနှံစိုက်ပျိုးသည့် အသင်းသား ၁၀ ဦးအား ချေးငွေကျပ် သိန်း ၁၀၀ ကို ထုတ်ချေးထားရှိပြီး အတိုးနှုန်းအား တစ်လလျှင် ပြား ၅၀ နှုန်းဖြင့်​​ ကောက်ခံလျက်ရှိကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)