မိုင်းဆတ်မြို့၌ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိုင်းဆတ် မတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အလယ်တန်းအဆင့် အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ယနေ့မွန်းတည့်(၁၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးရှိစေမည့်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ နိုင်ငံတကာသုံးဘာသာစကားဖြစ်သည့် အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့သည်။

အဆိုပါ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် အ.ထ.က(မိုင်းဆတ်)မှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၆)ဦးက မိမိတို့ကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။

မြင့်မောင်(ပြန်/ဆက်)