ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ဒဂုံ(အရှေ့)  အောက်တိုဘာ ၁

 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများအား ဒုတိယ အကြိမ် အဖြစ် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်    ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယနေ့နံနက်ပိုင်းက ကပ်ထားကြေညာပေးလျက်ရှိသည်။

ထိုသို့  ကပ်ထားကြေညာရာတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေး၊ဆန္ဒမဲ စာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ (၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက် နေထိုင်သူများ ဖြစ်ပါက ပုံစံ -၃ (က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင် သင့်သူများ ပါဝင်ပါက ပုံစံ (၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်း ပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာ တာဝန် ရှိသူများမှ ပြန်လည်စီစစ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါမဲစာရင်းများအား  အောက်တိုဘာလ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ နောက်ဆုံး အကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားပေးလျက်ရှိကြောင်းနှင့်  ပြည်သူများ မဲစာရင်းများ လာရောက် ကြည့်ရှုနိုင်ရန်  နှိုးဆော်ထားကြောင်း သိရသည်။

ဝင်းထွဋ်ဝင်း(ပြန်/ဆက်)