ပုဗ္ဗသီရိ မတ် ၂၁
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်ရှိ ဝေနေယျသုခဓမ္မာရုံ၌ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ကလေးငယ်များက ဓမ္မစကူး ထောင်ပေါင်းများစွာနှင့် ထာဝရသစ္စာသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မိသားစု ကိုယ်ပိုင် မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်သန်းအေးမှ အမှာစကား ပြောကြားခဲ့ရာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ခင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းဆရာ၊ ဆရာမ များ၊ အလှူရှင်၊ စေတနာရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတွင် ထူးချွန်စွာဖြေဆိုနိုင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။
အဆိုပါသင်တန်းကို တပင်ရွှေထီးရပ်ကွက် မှ ကျောင်းသား /သူပေါင်း ၃၅၀ ဦး တက်ရောက်ပြီး၊ သင်တန်းကာလကို မတ်လ ၇ ရက်မှ ၂၁ ရက်ထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄နာရီထိ သင်တန်းနည်းပြ ဆရာမဒေါ်ခင်မျိုးချစ်နှင့် ဆရာ၊ ဆရာမ ၄ ဦးဖြင့် အခြေခံဗုဒ္ဓဘာသာ၊ ယဉ်ကျေးခြင်းဆိုင် ရာနှင့်သုံးဆယ့်ရှစ်ဖြာမင်္ဂလာ၊ သိင်္ဂါလောဝါဒ ဆုံးမစာ၊ ဗုဒ္ဓဝင်အကျဉ်း၊ ဝိပါတ်တော် ဆယ့်နှစ်ပါး၊ ဘုရားရှိခိုး အမျိုး မျိုးတို့အား သင်ကြားပေးခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)