တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

တောင်ဥက္ကလာပ  မတ်  ၂၁

 

ရန်ကုန်တိုင်းဒေသကြီး၊‌ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌  ယနေ့နံနက်(၁၀) နာရီအချိန်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။

အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင် စာရေးဆရာမမြမဉ္ဇူဝေ(ကျုံမငေး)မှ ယနေ့လူငယ်လူရွယ်များ၏ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တကို အကြီးမားဆုံးလှိုက်စားဖျက်ဆီးနိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်အား အသိပညာဗဟုသုတရရှိစေရန်၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်၊ မူးယစ်အန္တရာယ်မကျရောက်စေရန်အတွက် အသိပညာ‌ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show တွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ပူးပေါင်းပြီး လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။                           

ခင်ဆွေနှင်း(ပြန်/ဆက်)