မိုးနဲ အောက်တိုဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများလုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေး အတွက် မဲရုံ အထူး ရဲများသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အလက(၁) မြို့မ ကျောင်း အင်ကြင်းဆောင် ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနီဝင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို လည်းကောင်း၊ သင်တန်းသားများနေဖြင့် မိမိတို့တာဝန် ကျရာမဲရုံများတွင် လုံခြုံရေးတာဝန်များ ထမ်း ဆောင်ရာ၌ အထောက် အကူပြုရန် ၊အခက်အခဲပြဿ နာများ ဖြစ် ပေါ်လာပါက အချိန်နှင့် တပြေးညီ တာဝန်ရှိသူအဆင့်ဆင့်ထံ ဆက်သွယ် သတင်းပို့နိုင်ရေးအတွက် မဲရုံအလိုက် သန္ဓေရဲတပ်ဖွဲ့ဝင်များ ကိုလည်း လုံခြုံရေးတာဝန်များ ချထား ဆောင်ရွက် သွားမှာဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြား ခဲ့သည်။
အဆိုပါ သင်တန်းသို့ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ ၂၁ဦးတက်ရောက်ခဲ့ပြီး စစ်ရေးပြ (လက်နက်မဲ) ၊လူ့အခွင့်အရေးဘာသာရပ် ၊ရဲကျင့်ဝတ်ဘာသာရပ် ၊ရဲစည်းကမ်း ထိန်းသိမ်းရေး ၊ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ ၊သတင်းမီဒီယာဥပဒေ နှင့်ကျင့်ဝတ် ၊ရွေးကောက်ပွဲ ဆိုင်ရာ သိမှတ်ဖွယ်ရာများ စသည့် ဘာသာရပ် များကိုအောက်တိုဘာ (၁)ရက်နေ့မှ အောက်တိုဘာ (၂၈)ရက် အထိသင်တန်းပိုချ ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)