မိုင်းယန်းမြို့နယ်တွင် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပနိုင်ရေး ဆွေးနွေး

မိုင်းယန်း မတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးတို့က နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်တွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အကြံပြုဆွေးနွေးတင်ပြကြသည်။

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ကို မိုင်းယန်းမြို့ မြို့မပန်းခြံဒေါင့်တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့ထိ တေးဂီတယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ စတုဒိသာအကျွေးအမွေးများတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ခွန်ရဲထွေး(ဆီဆိုင်)