ပူတာအို၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့်ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

ပူတာအို မတ် ၂၁

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် (ခရိုင်အဆင့်) ဆွေးနွေးပွဲကို မတ်(၂၁)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်က ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ သင်တန်းမှူး ဒုတိယခရိုင်ပညာရေးမှူး ဦးငွါးခီရဲ့က သင်တန်းစည်း မျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များမှ အခြေခံပညာ အထက်တန်းအဆင့်သင် ဆရာ/မများ သင်တန်းသား/သူ စုစုပေါင်း(၁၃၀)ဦး၊ အလယ်တန်းအဆင့်သင် ဆရာ/မများ သင်တန်းသား/သူစုစုပေါင်း(၂၇၃)ဦး စုစုပေါင်းသင်တန်းသား/သူ(၃၆၇)ဦးတို့က မတ်လ(၂၁)ရက်မှ (၂၄)ရက်နေ့အထိ တက်ရောက်ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)