ကွတ်ခိုင် မတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်မူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူလေးများ၏ ပဒေသာက ပွဲနှင့် ကျောင်းဆင်းလက်မှတ် ချီးမြှင့်ခြင်းအခမ်းအနားကို အဆိုပါကျောင်း၌ ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မူဆယ်ခရိုင်၊ လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အစီအစဉ်အရ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်လေးများက ပဒေသာကပွဲများဖြင့် အသီးသီး ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများက မူလတန်းကြိုကျောင်းဆင်းမည့် ကျောင်းသား၊ ကျောင်းသူ (၆၄)ဦးအား ကျောင်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အခမ်းအနားသို့ မူဆယ်ခရိုင်၊ လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်၊ ကွတ်ခိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာထွန်းကျော်စွာနှင့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိဘဆရာအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)