ဝိုင်းမော် မတ် ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်(၇)နာရီမှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ ကာကွယ်ရေးပင်စင်(၅၂၇) ဦး၊ နိုင်ငံရေးပင်စင် (၉၁) ဦး၊ မြို့ပြပင်စင် (၄၀၆) ဦး စုစုပေါင်းအငြိမ်းစားဝန်ထမ်း (၁၀၂၄) ဦး ရှိပြီး၊ လစဉ်ပုံမှန်ရုံးဖွင့်ရက် (၂၁) ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ကျန်ရက်များတွင် နံနက် (၉) နာရီခွဲမှ မွန်းလွဲ (၁)နာရီထိ လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် လစဉ်ပင်စင်လစာငွေများ ပုံမှန်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်း စုစုပေါင်း (၅၀၀)ဦးခန့်ရှိကြောင်း မြန်မာ့စီးပွားဘဏ်မှ သိရှိရသည်။
ဖြူစင်