ဝိုင်းမော် မတ် ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ပွင့်လင်းရာသီဖြစ်သည့်အတွက် မီးဘေးလုံခြုံရေးအသိပညာပေး အကြောင်းသိကောင်းစရာ (Talk Show)ကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ မျိုးဇော်သန်းက မီးလောင်မူ အမျာဆုံးဖြစ်ပွားမှု အခြေအနေ၊ မီးလောင်မှုမဖြစ်ပွားရေး သတိပြုကြိုတင်ကာကွယ်ထားရှိမှု ဆောင်ရန်/ရှောင်ရန်၊ မီးလောင်မှု ဖြစ်ပွားနေစဉ် ပြည်သူတို့လိုက်နာကျင့်သုံးရမည့်တာဝန်၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို အချိန်နှင့် တစ်ပြေးညီ အကြောင်းကြားရန် စသည့် အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးပြောကြားခဲ့သည်။
ဝိုင်းမော်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ယခုလအထိ မီးလောင်မှု(၄)ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်းပေါင်း (၅,၄၆၀,၀၀၀)ရှိကြောင်း မြို့နယ် မီးသတ်ဦးစီးမှူးက ပြောကြားသည်။
ဖြူစင် (ပြန်/ဆက်)