ချီဖွေမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင်  အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ချီဖွေ မတ် ၂၁

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် ၉ နာရီမှ စတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ချီဖွေမြို့နယ်အတွင်းရှိ (အငြိမ်းစား) ဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေလာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး နည်းလမ်းများဖြင့် စနစ်တကျထုတ်ပေးလျက်ရှိသည်။

ချီဖွေမြို့နယ်အတွင်း  အငြိမ်းစားဝန်ထမ်း  (၃၇၅) ဦးရှိပြီး ပင်စင်စားများ အဆင်ပြေစေရေး အတွက်  လစဉ် (၂၁) ရက်နေ့ မှစ၍ ထုတ်ပေးလျက်ရှိရာ ယခု အငြိမ်းစားပင်စင်ထုတ်ယူသူ (၁၀၀) ဦး‌ ‌ ကျော်ခန့်ရှိပြီး  နောက်ရက်များတွင်လည်း  ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း  မြန်မာ့စီးပွားရေးဘဏ်၊ မန်နေဂျာထံမှ သတင်းရရှိသည်။

ယော်ကိ(ပြန်/ဆက်)