မိုင်းခတ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို (ဒုတိယ)အကြိမ် ကပ်ထားကြေငြာ

 

မိုင်းခတ်  အောက်တိုဘာ  ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမို ကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းများကို (ဒုတိယ)အကြိမ်အဖြစ် ယနေ့ နံနက် ပိုင်းက စတင်ပြီး ရပ်ကွက်၊ကျေးရွာ အုပ်စုရွေးကောက်ပွဲ အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေငြာ ပေးမည် ဖြစ်ကြောင်းသိရသည်။

 မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ၂၅-၇-၂၀၂၀ ရက်နေ့မှ ၁၄-၈-၂၀၂၀ ရက်နေ့ထိ ရပ်ကွက်၊ ကျေးရွာ အုပ်စု များအလိုက် ကြေငြာထားရှိပြီးဖြစ်ရာ ယခုဒုတိယအကြိမ်ကို   ၁-၁၀-၂၀၂၀ ရက်နေ့မှ ၁၄-၁၀-၂၀၂၀ ရက်နေ့ ထိ ကပ်ထားကြေငြာထားရှိမည်ဖြစ်ပြီးမဲဆန္ဒရှင်ပြည်သူအရေအတွက်မှာ(၁၆၆၃၄)ဦးရှိကြောင်းသိရသည်။

မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါ ဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို မဲစာရင်း ကပ်ထား ကြေညာသည့် ၁၄ ရက်အတွင်းဆောင်ရွက်နိုင်ကြောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံမှသိရပါသည်။

မိုးဒေ ( ပြန်/ဆက်)