နမ့်ဆန် မတ် ၂၁
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး-နမ့်ဆန်၏ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက စာကြည့်တိုက်သို့ လာရောက်လေ့လာသော ကလေးသူငယ်များကို ပုံပြင်ပြောပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပုံပြင်ပြောပြခြင်းကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းမှ စာရေးသူ ယင်းတလဲစာပေနှင့် ယဉ်ကျေးမှုကော်မတီမှရေးသားသော အတူတကွပုံပြင်စာအုပ်ကိုပြောပြခဲ့ရာ ကလေးများမှ စိတ်ဝင်တစားနားထောင်ခဲ့ကြပြီး ပုံပြင်မှရရှိသော အကျိုးကျေးဇူးမှာ အတူတကွပူးပေါင်းဆောင်ရွက်မှ ပန်းတိုင်ရောက်ရှိနိုင်မှာ ဖြစ်သည်။ အောင်မြင်မှုလည်းရရှိနိုင်မည်ကို အင်္ဂလိပ်စာသင်တန်းတက်ရောက်သူ မဖူးပြည့်စုံမှ ပြန်လည်ပြောပြခဲ့သည်။
ကျောင်းသား/ကျောင်းသူလူငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အာရုံစူးစိုက်မှတ်ဉာဏ်အားကောင်းလာစေရန်၊ လူများအလယ်တွင် ပြောရဲဆိုရဲရှိလာစေရန်၊ ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် ကလေးများ(၂၀)ဦး နားထောင်ခဲ့ကြကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)