ကလော မတ် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကလောခရိုင် ပညာရေးမှူး ဦးခေါဂေကီးက သင်တန်းဖွင့်ပွဲနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဘရွှေက သင်တန်းစည်းကမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို မတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ ၄ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)