သိန္နီ မတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် အခြေခံပညာကျောင်းများ စနစ်သစ်သင်ရိုး (ထက်ဆင့်၊ လယ်ဆင့်) မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်အား ပြောကြားရာတွင် အရည်အသွေးပြည့်ဝပြီး ထူးချွန်ထက်မြက်သော ဆရာ၊ ဆရာမများ ပေါ်ပေါက်လာစေရန်၊ စနစ်သစ်ပညာရေးတွင် မရှိမဖြစ် သတ်မှတ်ထားသော သင်ကြားရေးစနစ် (ITPR) စနစ်ကို သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ I-Introduction သင်ရမည့် သင်ခန်းစာများကို မိတ်ဆက်စေပြီး စနစ်ဟောင်းအတိုင်း သင်ခန်းစာ အကြောင်းအရာများကို မသင်ကြားခင်တွင် သင်ယူမှုရလဒ်များကို ဦးစွာ သင်ကြားစေလိုရန်နှင့် သင်ကြားမှုစနစ်သစ်ကို ပြောင်းလဲသင်ကြားပေးစေရန် T− Teaching သင်ကြားရာတွင် ကျောင်းသားဗဟိုပြုဖြစ်ပြီး Pair Work, Group Work နှင့် Project လုပ်ပြီး သင်ကြားစေရန်နှင့် Practice လေ့ကျင့်ခြင်းနှင့် R-Review ပြန်လည်သုံးသပ်ခြင်းများ လက်တွေ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ဆရာ၊ ဆရာမ (၃၅)ဦး၊ အထက်တန်းအဆင့် ဆရာ၊ ဆရာမ(၃၉)ဦး စုစုပေါင်း(၈၄)ဦး တက်ရောက်သွား မည်ဖြစ်ပြီး သင်တန်းကာလသည် (၂၁−၃−၂၀၂၃)မှ (၂၄−၃−၂၀၂၃)ရက်နေ့ထိ (၄)ရက်တာ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)