တောင်ကုတ် မတ် ၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများက ယမန်နေ့ နံနက်ပိုင်း တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများက ကုလားရောင်ကျေးရွာနှင့် ခေါင်းလောင်းတူကျေးရွာများရှိ ပြည်သူလူထုများ နှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးပြီး ပြည်သူများ၏ ပြန်လည်ဆွေးနွေး တင်ပြချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ပြန်လည်ဖြေကြားသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း တောင်ရွာကျေးရွာမှ ခေါင်းလောင်းတူကျေးရွာသို့ 11-KV (၆.၂)မိုင် ဓာတ်အားလိုင်းသွယ်တန်းထားရှိမှု အခြေအနေ၊ ခေါင်းလောင်းတူကျေးရွာတွင် ငွေဝန်းမြင့်မော်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသော Steel Structure (၁)ထပ်ကျောင်းဆောင်၏ (၇၅)ရာခိုင်နှုန်း ပြီးစီးမှု အခြေအနေ၊ဆိပ်ခံတံတားသစ် ဆောက်လုပ်လိုသည့်နေရာနှင့် မူလဆိပ်ခံတံတားတည်ရှိရာ နေရာ၊ ခေါင်းလောင်းတူကျေးရွာမှ ကုလားရောင်ကျေးရွာသို့ 11- KV (၂.၅)မိုင် ဓာတ်အားလိုင်းသွယ်တန်းထားရှိမှု အခြေအနေနှင့် ကုလားရောင်ကျေးရွာ ကမ်းပါးပြိုကျသည့် နေရာများသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)