လှိုင်သာယာ(အရှေ့ပိုင်း) မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယာဥ်အန္တရာယ်ကင်းဝေးစေရန် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ၂၀၂၃ ခုနှစ် ယမန်နေ့ (၉) နာရီ၌ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ်လမ်းမကြီးတွင် ယာဥ်အန္တရာယ်ကင်းစင်ရန်နှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်-ပုသိမ်လမ်းမကြီးတွင် ဖြတ်သန်းသွားလာသည့် ယာဥ်များကို ယာဥ်အန္တရာယ်ကင်းဝေးစေရန်နှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ယာဥ်မောင်းနှင်သူ တစ်ဦးလိုက်နာရမည့် စည်းကမ်းချက်များအား သိရှိလိုက်နာစေရန် စသည့်အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ယာဥ်အန္တရာယ်ကင်းရှင်းစေရန်နှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကိုလှို င်သာယာ(အရှေ့ပိုင်း)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့(၆၇)မှအဖွဲ့ဝင်များ၊ ဒုရဲမှူးစိုးညွန့်နိုင်ဦးဆောင်၍ ယာဥ်များအား မောင်းလိုင်စင်မပါခြင်း၊ ဝှီးတက်သက်တမ်းလွန်ခြင်း၊ ခါးပတ်မပါခြင်း၊လမ်းပြောင်းပြန်မောင်းခြင်း၊ မီးနီဖြတ်ခြင်း၊ မှတ်တိုင်မဟုတ်ဘဲလူတင်ချခြင်းနှင့် ကွေ့ကြောဒဲ့ထွက်ခြင်း စည်းကမ်းပျက်ယာဥ်များအား ချလံဖြတ်ဖမ်းဆီးစစ်ဆေးခြင်းနှင့် ကြားကားများစစ်ဆေးပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)