ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေုပြုဗဟိုဌာန၌ လူငယ်နှင့်ပညာရေး အသိပညာပေး Talk Show ပြုလုပ်

ဘူးသီးတောင် မတ် ၂၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၃) နာရီက လူငယ်နှင့်ပညာရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က လူငယ်နှင့် ပညာရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး Youth Club အဖွဲ့ဝင်၊ လက်ထောက်မှုလတန်းပြ ဆရာမ ဒေါ်မြတ်သီရိနွယ်က လူငယ်တွေအနေဖြင့် စာပေဗဟုသုတ အတွေးအမြင် ကြွယ်ဝဖို့စာပေများ ဖတ်ရှုသင့်ပါကြောင်း၊ စာပေမြင့်မှ လူမျိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ၊ လူမှုပတ်ဝန်းကျင်ဆက်ဆံတတ်မှုများ၊ လူငယ်တွေအနေဖြင့် ပညာသင်ကြားခြင်းဟာ နိုင်ငံတော်ဝန်ကို ထမ်းဆောင်နေခြင်းဖြစ်ပါကြောင်းနှင့် လူငယ်များ အသိပညာ ဗဟုသုတ ရရှိစေရန် အလို့ငှာ အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်ပုံပြင်၊ ကဗျာရွတ်အရုပ်ခေါက်ခြင်း အားကစားလှုပ်ရှားမှုများစသည့် အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကိုလည်း WeLoveButhidaungနှင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page များမှ လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)