ကာလိ မတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်(အကြို) သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉) နာရီအချိန်က ကာလိမြို့ မြို့မဈေးနှင့် ပြည်ထောင်စုလမ်းမကြီးတလျှောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့ခြင်းအကြောင်း၊ တပ်မတော်၏အား (၁၀)ပါး၊ (၁၃-၇-၁၉၄၇) ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ (၂၃-၃-၂၀၂၃)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် စာရေးဆရာ သောင်းကိုကို ရေးသားထားသော "ပြည်သူချစ်တဲ့တပ်မတော်" ကဗျာ၊ "အမျိုးသားရေး တာဝန်များကို သစ္စာရှိရှိကျေပွန်စွာ ထမ်းဆောင်"၊ "အသက်သွေးချွေးစဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ" နှင့် "တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်" စသည့် အချက်များပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်များကို ဒေသခံ မိဘပြည်သူများနှင့် ခရီးသွားပြည်သူများအား (၇၈)နှစ်မြောက် တပ်မတော်နေ့ကို အစဉ်အောက်မေ့ သတိရစေရန် ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သတင်းစကား လက်ကမ်းစာစောင်များကို စောင်ရေ (၂၅၈) စောင် အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)