ဗန်းမော် မတ် ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမ၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်/အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ခရိုင်အဆင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဆရာကြီးဦးထွန်းအေးကျော်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဆရာကြီးဦးမြင့်ကိုကိုက အထက်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာ ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးစိုင်းကျော်ငြိမ်းက အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီမြို့နယ်တို့မှ အခြေခံပညာ အထက်တန်းဆင့်/အလယ်တန်းဆင့်မှ ဆရာ၊ ဆရာမ(၆၄၄)ဦးတို့ တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ မတ်လ ၂၁ ရက်မှ မတ်လ ၂၄ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်