တောင်ဥက္ကလာပ မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၂:၀၀)နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်ပြပွဲတွင် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်မည့်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါးပြဿနာ၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် လူကုန်ကူးခံရပါက ဖြစ်ပေါ်လာနိုင်မည့်ဆိုးကျိုးများ၊ လူကုန်ကူးပပျောက်ရေး ပြည်သူအားလုံးပါဝင်ပေး၊ လူကုန်ကူးဆိုင်ရာပြစ်မှုပြစ်ဒဏ်များကို သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ရာ Youth Club အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)