သာကေတမြို့နယ်ပတ္တမြား(အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါး၊ ဆေးဝါးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများလှူဒါန်း

သာကေတ မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁၀၈)တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော်အနီးရှိ ဟင်္သာတအတွင်းရှိ ပတ္တမြားတိုက်ခွဲတွင် ဖွင့်လှစ်ထားသည့် ဆရာတော်များ ဦးစီးသောကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ဖြစ်သည့် ပတ္တမြား (အခမဲ့)ကုသိုလ်ဖြစ် ဆေးခန်းသို့ ဆေးဝါးများနှင့် ဆေးဝါးအထောက်အကူပြု ပစ္စည်းများအား ဆဋ္ဌမအကြိမ် လှူဒါန်းခြင်းနှင့်လာရောက်ကုသ​သောလူနာများအား အလှူငွေများအား ဒုတိယအကြိမ် လှူဒါန်းပေးအပ်ခြင်းကို ယနေ့နံနက် နေ့လယ် ၁၂နာရီ၌ အဆိုပါဆေးခန်း၌ပြုလုပ်သည်။

အလှူရှင်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်နေ ဦးအောင်ကျော် (ဓမ္မသုခပရဟိတ) မိသားစု ကပတ္တမြား(အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်းတွင် လိုအပ်လျက်ရှိသည့်ငွေကျပ် (၁၁၉၆၄၀၀/-)တန်ဖိုးရှိ စားဆေး၊ ထိုးဆေးနှင့် ဆေးဝါးအထောက်အကူပြုပစ္စည်းများကို ဆဋ္ဌမအကြိမ်အဖြစ် ပေးအပ် လှူဒါန်းရာ ပတ္တမြား(အခမဲ့) ကုသိုလ်ဖြစ် ဆေးခန်းမှ ဒေါက်တာခင်ရွှေ၊ တာဝန်ခံ ဦးနိုင်မိုးနှင့် ဆရာမများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးခဲ့သည်။

ဆက်လက်၍ အလှူရှင်များက ပတ္တမြား(အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်း၌ လာယူကုသခဲ့ကြသည့် လူနာများအား တစ်ဦးလျှင် ငွေကျပ်(၅၀၀၀/-)နှုန်းဖြင့် ငွေကျပ် (၁၀)သိန်း ကိုဒုတိယအကြိမ်အဖြစ် ကိုယ်တိုင်လာရောက်လှူဒါန်းခဲ့ကြသည်။ အဆိုပါပတ္တမြား(အခမဲ့)ကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါးများနှင့်အလှူငွေများလှူဒါန်း လိုပါက ဖုန်း-၀၉၂၅၀၄၉၅၀၂၁၊ ၀၉၂၅၄၄၉၈၂၅၁နှင့် ၀၉၂၅၉၂ ၅၉၇၀၆သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ ဆက်)