ကျောက်ဖြူ မတ် ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီအခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ပြသသည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက လူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် နှင့် အင်္ဂလိပ်စာ အခြေခံသဘောတရားများအား နားလည်လာစေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းကို ဖွင့်လှစ် သင်ကြားရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံအင်္ဂလိပ်စာ Grammar အား သင်ကြားပြသပေးခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာသင်ယူခဲ့ကြသည်။
အဆိုပါသင်တန်းတွင် ဆရာဦးအောင်နိုင်ဝင်းက သင်တန်းနည်းပြအဖြစ်ဆောင်ရွက်ပြီး သင်တန်းသား/သင်တန်းသူ ၁၅ ဦးတို့မှ တက်ရောက်သင်ယူလျက်ရှိကာ သင်တန်းကာလမှာ မတ်လ ၂၀ ရက်နေ့မှစ၍ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များ၌ ပုံမှန်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)