ကျောက်မဲ မတ် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင်မြတ်ဝါက ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရှိ ကလေး စာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှု ရရှိစေရန်ရည်ရွယ်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူ လူငယ်များအား အရုပ်ဆက်ဂိမ်း၊ မှတ်ဉာဏ်ဂိမ်းများ ယှဉ်ပြိုင်ကစားစေခဲ့သည်။
အဆိုပါ ပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူ(၃၀)ဦး မှဝင်ရောက်ယှဥ်ပြိုင် ကစားခဲ့ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)