တံတားဦး မတ် ၂၀
တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ တံတားဦးခရိုင် အမျိုးသမီးရေးရာဖွဲ့နှင့် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက လာရောက်လှူဒါန်းကြောင်း သိရသည် ။
တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များ လာရောက်လှူဒါန်းခြင်းအနေဖြင့် စာပေချစ်သူများအတွက် အသိပညာဗဟုသုတများ တိုးပွားရရှိရေး ၊ စာပေများဖတ်ရှုခြင်းဖြင့် အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စေရေး၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ဗဟုသုတ အသိအလိမ္မာများ တိုးပွားရရှိစေရန် ရည်ရွယ်ပြီး တံတားဦးခရိုင် အမျိုးသမီးရေးရာဖွဲ့နှင့် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်ထံမှ သိရသည် ။
အဆိုပါ စာအုပ်များလှူဒါန်းခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြညဘ်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ဆောင်ရွက်ကြပြီး စာပေချစ်သူများအတွက် တံတားဦးခရိုင် အမျိုးသမီးရေးရာဖွဲ့ စာအုပ်(၃၀)အုပ်၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ စာအုပ်(၂၀)အုပ် စုစုပေါင်း(၅၀)အုပ်တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ဦးစီးအရာရှိ ဦးဘိုမောင်နှင့် ဒုတိယဦးစီးမှူ ဒေါ်သီတာခိုင်တိုက အသီးသီးလက်ခံရယူကြကြောင်း သိရသည် ။
ဦးရဲတင့်( ပြန်/ဆက်)