လမိုင်း အောက်တိုဘာ ၁
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ မြို့မ(၂)ရပ်ကွက်အတွင်းရှိ အသက်(၈၀)နှစ်နှင့် (၈၅) နှစ်အကြား သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက် ပိုင်းက အိမ်တိုင်ရာ ရောက်လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် (ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ) အတွက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် သုံးလစာ ငွေကျပ်(၃၀၀၀၀) ကို လမိုင်းမြို့ မြို့မ(၂) ရပ်ကွက်အတွင်းရှိ သက်ကြီး ဘိုးဘွား(၂၀)ဦးအား မြို့မ(၂)အုပ်ချုပ်ရေးမှူး ဦးအေးထွန်းနှင့် တာဝန်ရှိသူများက အိမ်တိုင် ရာရောက် သွားရောက်ကာ ဘိုးဘွားများ လက်ဝယ်ထံသို့ ထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ဇာစိုး( ပြန်/ဆက်)