ကျောက်ဆည် မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ဒေသအတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဟံမြင့်မိုရ်-မင်းစုလမ်းတွင် ကြံ့ခိုင်မှုအားမရှိသည့် ရေပြွန်(၂)ပြွန်နှင့် Box Culvert တံတား(၁)စင်းအား ခံနိုင်ဝန်အားရှိမည့် Box Culvert တံတားများ ပြန်လည်ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ် (၅၉.၁၀)သန်း အကုန်အကျခံကာ မြို့နယ်လမ်းဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် အောင်ခေတ်သစ် ကုမ္ပဏီမှ တာဝန်ယူကာ လမ်း၏ (၀.၈)ကီလိုမီတာမှ (၁)ကီလိုမီတာအတွင်းရှိ ရေပြွန်အမှတ်(၅/၁)၊ (၄.၆၂) မီတာနှင့် (၄.၈၂) မီတာအတွင်းရှိ ရေပြွန်အမှတ်(၉/၃)၊ ရေပြွန်(၁)ပြွန်အား (၁.၅၂)မီတာ (၉.၁၄)မီတာ Box Culvert တံတား(၂)စင်း ဆောက်လုပ်ပေးခဲ့ပြီး (၃.၆၂)ကီလိုမီတာနှင့် (၃.၈၂) ကီလိုမီတာအတွင်းရှိ ကြံ့ခိုင်မှုအားနည်းသော မူလ(၁.၅၂)မီတာ Box Culvert အား (၁.၅၂)မီတာ (၉.၁၄)မီတာ) Box Culvert (၁)စင်း စုစုပေါင်း Box Culvert (၃)စင်း တည်ဆောက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရှိရသည်။
အဆိုပါ Box Culvert တံတားများ ပြန်လည်ဆောက်လုပ်ပေးခဲ့သဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အချိန်ကုန် သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေခြင်း၊ ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်ခြင်းနှင့် ဒေသအတွင်းရှိ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)