ညောင်ဦး မတ် ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကန်စောင့်ကျေးရွာသို့ဝေမျှခြင်းပရ ဟိတမိသားစုက ယနေ့နံနက် ၉ နာရီက ညောင်ဦးမြို့နယ် တောင်းဇင်းအုပ်စုရှိ ဇီးပင်ကြီးတဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံက သိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းကသွား ရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း ဇီးပင်ကြီးတဲတိုက်တွင် သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဒီပါလင်း