မိုင်းပျဉ်း အောက်တိုဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျည်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန် အတွက် မဲရုံ အသီးသီး၌ လုံခြုံရေး တာဝန် ထမ်းဆောင်မည့် အထူးရဲ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ ဆေးရုံရှိ အစည်း အဝေး ခန်းမတွင် ကျင်းပသည်။
ရှေးဉီးစွာ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်မှ သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး သင်တန်းသားများအနေဖြင့် သင်ကြားပို့ချမှုများကို စိတ်ဝင်စားစွာ လေ့လာ မှတ်သား ကြရန်နှင့် မကြာခင် ကျင်းပ တော့မည့် ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရန်အတွက် သင်တန်းကို တက်ရောက်နေခြင်း ဖြစ်ကြောင်း ခံယူချက်ထားရှိရန်ပြောကြားခဲ့သည်။
သင်တန်းတွင် မိုင်းပျဉ်းမြို့နယ်အတွင်းမှ အသက်(၁၈)နှစ်မှ(၆၀)နှစ်အကြားရှိ အလယ်တန်းပညာရေး အောင်မြင် ပြီးသော အမျိုးသား(၅၅)ဦးအား အောက်တိုဘာ (၁)မှ (၂၈) ရက်နေ့အထိ မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးနှင့် မြို့မရဲစခန်း တို့တွင် နေရာခွဲ၍ သင်တန်း နည်းပြများမှ သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
မေမွန်ထွဋ်၊ ပြန်ဆက်