သံဖြူဇရပ်မြို့နယ်၊ မွန်ဓမ္မာရုံ၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

သံဖြူဇရပ် မတ် ၂၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား လူငယ်များအား လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သံဖြူဇရပ်မြို့နယ် မွန်ဓမ္မာရုံခန်းမ၌ ကျင်းပခဲ့သည်။

လူငယ်အသိပညာပေးဟောပြောပွဲကို နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးစေရန်ရည်ရွယ်၍ ဗုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းမှ ဆရာတော်ကဦးစီးပြီးဖွင့်လှစ်သည့် ကွန်ပျူတာ၊ အင်္ဂလိပ်စာနှင့် အခြေခံမွန်စာပေများ သင်ကြားဖွင့်လှစ်သည့် သင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသား/သင်တန်းသူ ကျောင်းသားလူငယ်များအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် နွေရာသီကျောင်းပိတ်ရက်များတွင်း မြို့နယ်ရုံးစာကြည့် တိုက်သို့လာရောက်၍ ဗဟုသုတစာပေများကို ဖတ်ရှုကြစေရေး ဟောပြောသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအသိပညာပေးဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)