သံတွဲ မတ် ၂၀
သံတွဲမြို့ အမှတ်(၂၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဉာဏ်မင်းကိုကို ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် မော်တော်ယာဉ်များ ဖေါင်းကြွနံပတ်ပြား လဲလှယ်တပ်ဆင်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈နာရီက သံတွဲမြို့အတွင်း လှည့်လည်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မော်တော်ယာဉ်မောင်းများအား ဖေါင်းကြွနံပတ်ပြားလျှာက်ထား လဲလှယ်တပ်ဆင်ရေးနှင့် ဆိုင်ကယ်စီးနင်းသူများအား မော်တော် ဆိုင်ကယ်ဥပဒေအရ နေ့ဖက် မောင်းနှင်ရာတွင် ရှေ့မီးအနိမ့်ဖွင့်မောင်းနှင်ရန်နှင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုး စနစ်တကျတပ်ဆင်မောင်းနှင်ကြရေးတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးခြင်းကို မတ် ၁၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ အသိပညာပေး ကာလအဖြစ် သတ်မှတ်ထားရှိသည်။ သို့ဖြစ်ပါ၍ မော်တော်ယာဉ် ဖေါင်းကြွနံပတ်ပြားများကို ၂၀၂၃ခုနှစ် မတ်၃၁ရက်နေ့ နောက်ဆုံးထား တပ်ဆင်ပေးကြရန်နှင့် ပညာပေးကာလကျော်လွန်ပါက အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၂၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး ဉာဏ်မင်းကိုကိုထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)