ခရမ်း အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင် စာရင်းများကို ယနေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် ကပ်ထားကြေညာထား လျက်ရှိကြောင်းနှင့် မဲစာရင်း လာရောက်ကြည့်ရှုကြသူများကို မြို့နယ်/ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း(၅၃) အုပ်စုရှိရာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၁၂၆၀၀၀ ကျော် အထိရှိကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများကို ခရမ်းမြို့နယ်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ(၁)ရက်မှ (၁၅)ရက်အထိ နံနက် ၇ နာရီမှ ည ၉ နာရီအထိ သက်ဆိုင်ရာမြို့နယ်များရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် နှစ်ပတ်ကြာ ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး Website တွင် online မှလည်း ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။
ကိုမင်း(ခရမ်း )