ဂွ မတ် ၁၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လူထုဗဟိုပြုစီမံကိန်း နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ဆန်းလခြမ်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော တိုင်ကျိုးကျေးရွာအုပ်စု၊ တိုင်ကျိုးကျေးရွာတွင် ကျေးရွာ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်နှင့်ဆန်းလခြမ်းကုမ္ပဏီမှ တာဝန်ရှိသူများက တိုင်ကျိုးကျေးရွာတွင် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွ ကျပ် (၄၁.၀၀သန်း) ဖြင့် ဆန်းလခြမ်း ကုမ္ပဏီမှဆောင်ရွက်သည့် (၇၀ပေ၊ ၄၆ပေ၊ ၁၂ပေ)အတိုင်းအတာရှိသည့် ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား စစ်ဆေးခဲ့ကြသည်။ ထို့နောက်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်က သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီစွာ ပြုလုပ်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်