ခိုလမ် မတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင်၂၀၂၂_၂၀၂၃ပညာသင်နှစ်၊ မေဇင်ကိုယ်ပိုင်မူလတန်းကြိုကျောင်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉:၀၀)အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမေဇင်မူလတန်းကြိုကျောင်းမှ ကျောင်းတာဝန်ခံ ဒေါ်နန်းခင်စန်းယုမှ အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မေဇင်မူလတန်းကြိုကျောင်းမှ သားငယ်၊သမီးငယ်လေးများအား ကြွရောက်လာကြသော ရပ်မိရပ်ဖများမှ သင်တန်းဆင်း လက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် သားငယ်၊ သမီးငယ်လေးများက “ခင်ခင်ထား၊ ဗာရာဏသီ၊ လက်တီး” အစရှိသည့်တေးသီချင်းများဖြင့် ကပြဖော်ဖြေဧည့်ခံခဲ့ကြသည်။ ထို့နောက် ကြွရောက်လာကြသော ရပ်မိရပ်ဖများနှင့် ဧည့်သည်များအား နေ့လည်စာ ဘူဖေးစနစ်ဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
နေလင်းထွန်း(ပြန်/ဆက်)