ကျောက်ဖြူမြို့၌ (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ဆောင်းပါးနှင့် ပိုစတာပြိုင်ပွဲ ကျင်းပ

ကျောက်ဖြူ   မတ်  ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူး ယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းချီ၊ ကာတွန်း၊ ဆောင်းပါးနှင့် ပိုစတာပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ထိုသို့ (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများတွင် “မူးယစ်‌ဆေးရန် တို့တွန်းလှန် ကြိုးစားတိုက်ဖျက် နိုင်ငံအတွက်” “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင်၊ သာယာလှပ လူမှုဘဝ” “ငါတို့ရဲ့ အနာဂါတ်သာယာလှပဖို့၊ မူးယစ်ကင်းစင်ကမ္ဘာ ဖန်တီးစို့” “မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှ တိုက်ထုတ်စို့” “လုံခြုံစိတ်ချ ပြည်သူ့ဘဝ မူးယစ်မှန်သမျှ တိုက်ဖျက်ကြ” “မိသားစုနွေးထွေးမှုဖြင့် မိမိတို့၏ ရင်သွေးများအား မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ကြပါစို့” စသည့် ခေါင်းစဉ်အသီးသီးဖြင့်ကျင်းပပြုလုပ်ရာ အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၃) ဦး၊ အခြေခံပညာအလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၁၁) ဦး၊ အခြေခံပညာမူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၂၂) ဦးတို့မှလည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ပြိုင်ပွဲဝင် (၂) ဦး၊ ကဗျာပြိုင်ပွဲဝင် (၁) ဦးနှင့် ပိုစတာပြိုင်ပွဲဝင် (၁) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၀) ဦးတို့မှ စိတ်ပါဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ရှိသူများနှင့် တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

တင်ထွန်းဦး(ပြန်/ဆက်)