နမ့်မုတ်ကျေးရွာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး

မိုင်းယန်း မတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ နမ့်မုတ်ကျေးရွာတွင် ယမန်နေ့မွန်းလွဲပိုင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ပြည်သူများအနေဖြင့် နှစ်ရှည်ပင်စိုက်ပျိုးရေးနှင့် သစ်တောသစ်ပင်များ ခုတ်ထွင်မှုလျော့ချရေး ဆိုင်ရာများ၊ တစ်ပိုင်တစ်နိုင် သီးနှံစိုက်ပျိုးရေးဆိုင်ရာများနှင့် မြေလွတ်မြေရှိုင်းလျှောက်ထားခြင်း ဆိုင်ရာများကို အသိပညာပေးပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ခံ ဦးမာလာခိက တောမီးရှို့ခြင်း၏ဆိုးကျိုးများ၊ သစ်တောသစ်ပင်များ ခုတ်ထွင်ပါက လုံလောက်သောမြေဆီလွှာ မရရှိခြင်းနှင့် နွေရာသီတွင်ရေရှားပါးလာခြင်း၊ ရေကြီးပြီး ရာသီဉတုဖောက်ပြန်ခြင်းများ၊ တောမီးမရှို့ခြင်း၏ကောင်းကျိုးများအကြောင်းကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ကျေးရွာပြည်သူများမှ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)