ပန်ဆောင်ကျေးရွာသွား ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှုအား မြေပြင်ကွင်းဆင်းစစ်ဆေး

မိုင်းယန်း မတ် ၁၉

ကျေးလက်နေပြည်သူများ၏လယ်ယာထွက်ကုန်ပစ္စည်းများကို ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ၏လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့စွာ သွားလာနိုင်စေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ပန်ဆောင်ကျေးရွာသွား ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီး မှုအား မတ် ၁၈ ရက်နေ့တွင် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါပန်ဆောင်ကျေးရွာသွား ကွန်ကရစ်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ(၈၇.၈၀၀)ဖြင့် အရှည် (၀/၃.၂၆)မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မဖြစ်ပြီး First Dream ကုမ္ပဏီမှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုကို မိုင်းယန်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့်အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ သတ်မှတ်စံချိန် စံညွှန်းနှင့် အရည်အသွေး ပြည့်မီမှုရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)