အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပမည်

ရန်ကုန် မတ်

ရန်ကုန်တိုင်းဒေသကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့က ကြီးမှူး၍ ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် (၂၆)ကြိမ်မြောက် ကာတွန်း၊ ပန်းချီ၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲများ ကျင်းပမည် ဖြစ်သည်။

မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ကာတွန်းပြိုင်ပွဲများကို မတ် ၂၈ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိလည်းကောင်း၊ ယင်းနေ့တွင်မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကို မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိလည်းကောင်း ရန်ကုန်တိုင်းဒေသကြီးလ သာမြို့နယ်အထက(၂)ကျောင်းမြညီလာခန်းမ၌ ကျင်းပမည်ဖြစ်သည်။

အလယ်တန်း၊ အထက်တန်းအဆင့် ကွန်ပျူတာပန်းချီပြိုင်ပွဲကို မတ် ၂၉ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ သတင်းအချက်အလက်၊ နည်းပညာတက္ကသိုလ်၊ ပါရမီလမ်း(၁၂)ရပ်ကွက် တက္ကသိုလ်များ လှိုင်နယ်မြေ၊ လှိုင်မြို့နယ်၌ ကျင်းပမည်ဖြစ်ပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့် ပိုစတာပြိုင်ပွဲကို ယင်းနေ့ မွန်းလွဲ ၂ နာရီမှ ၅ နာရီအထိ လသာမြို့နယ် အထက(၂)ကျောင်း မြညီလာခန်းမ၌ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲဝင်ပုံစံများကို မတ် ၁၀ ရက်မှစ၍ သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးများမှတစ်ဆင့် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့်မြို့နယ်ပညာရေးမှူးရုံးများတွင် အခမဲ့ထုတ်ယူနိုင်ပြီး ပြိုင်ပွဲဝင်ပုံစံများကို ဖြည့်စွက်၍ မတ် ၂၃၊ ၂၄၊ ၂၅ ရက်တို့တွင် မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက် (ရန်ကုန်)သို့ ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)