ကျောက်ဆည် မတ် ၁၉
မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နွေရာသီအားလပ်ရက်များ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချ စေရေးနှင့် လူငယ်များ ကျန်းမာကြံ့ခိုင်စေရေး၊ ထူးချွန်ထက်မြတ်သည့် အားကစားသမားများ ပေါ်ထွက်လာရေး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် အေရိုဗစ်အကနှင့် Myanmar Fitness Dance အကသင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် အကနည်းပြဆရာမ(၂)ဦး၊ ကြီးကြပ်(၂)ဦးဖြင့် စနစ်တကျ သင်ပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အကဝါသနာ စိတ်ပါဝင်စားသည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်သင်ယူလျက်ရှိကြောင်းနှင့် ထူးချွန်သူများအား မြို့နယ်လက်ရွေးစင်အဖြစ် ရွေးချယ်ကာ ခရိုင်အဆင့်၊ တိုင်းအဆင့်ပြိုင်ပွဲများတွင် အောင်မြင်စွာ ယှဉ်ပြိုင်နိုင်ရေး ထပ်မံလေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပြီး အားကစား ပြုလုပ်ခြင်းဖြင့် လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ကိုယ်ခန္ဓာကြီးထွားသန်မာစေကာ ဉာဏ်ရည်မြင့်မားခြင်း၊ မိတ်ဆွေပေါများခြင်း၊ စားဝင်အိပ်ပျော် စိတ်ရွှင်လန်းခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုမြင့်မားခြင်း၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။
သက်မောင်(ခရိုင်၊ ပြန်/ဆက်)